ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေး ကောက်နေသော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Operation Flame – OF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ကသန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတားအဆင်း၊ လတ်မှတ်ဂိတ်မှတ်တိုင်အနီး၌ ပြည်သူ့ကားများကို အမြဲတမ်း ဆက်ကြေး ကောက်နေကြသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် လုံခြုံရေးယူပေးနေ သော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပြင်းအားမြင့် အဝေးထိန်းမိုင်း ၁ လုံး အသုံးပြုဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်၊ အကြမ်းဖက်တပ်သား တွေ ထိခိုက်နိုင်ခြေရှိနိုင်ခြေရှိပါတယ်” ဟု Operation Flame – OF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ စစ်သား၊ ရဲများ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန် ရေး အဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သန်လျင်မှ ပြည်သူများကလည်း ယနေ့ သန်လျင်တံတားအဆင်းဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက် လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AFP ။
