ဒီကနေ့ မေ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-KIA က ယမန်နေ့ကပစ်ချခဲ့တဲ့ ရဟတ်ယာဉ်နေရာကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်မှာ စစ်သား အလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးသွားတဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို ရွှေကူ ခလရ ၅၆ တပ်ရင်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ Mi-17 ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့လို့ လုံးဝပျက်စီးသွားပြီလို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း သစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့ သိမ်ကုန်းတာဝါတိုင် စခန်းတို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
