27.7 C
Yangon

ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုတွင် လုပ်ကြံသူတရားခံများ ဟုဆိုကာ အသက် ၆ နှစ်အရွယ်ကလေးကိုပါ စစ်ကောင်စီက ဖမ်းဆီးမှု ထိပ်တန်းသတင်းတစ်ခုအဖြစ် နိုင်ငံတကာသတင်းဌာနအများစုတွင် ဖော်ပြ

Must read

ရန်ကုန်၊ ဇွန် ၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် မေလ ၂၂ ရက်နေ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်ခတ်ခံရ၍ သေ ဆုံးမှုတွင် လုပ်ကြံပါဝင်သူတရားခံများဟုဆိုကာ အသက် ၆ နှစ်အရွယ်ကလေးငယ်ကို စစ်တပ်က ဖမ်းဆီးမှုကို နိုင်ငံတကာသတင်းဌာနများက ထိပ်တန်းသတင်းတစ်ခုအဖြစ် ဖော်ပြကြကြောင်း သိရှိရသည်။

နိုင်ငံတကာ သတင်းဌာနကြီးများဖြစ်သည့် ရိုက်တာ၊ အေပီ၊ အေအက်ပီသတင်းဌာနများက အသက် ၆ နှစ်အရွယ် ကလေးငယ်ကို စစ်ကောင်စီက တရားခံစာရင်းတွင် ထည့်သွင်းဖမ်းဆီးခြင်းကို ယမန်နေ့ က သတင်းဖော်ပြခဲ့ကြပြီး ယင်းသတင်းကို နိုင်ငံတကာသတင်းဌာနများက ထိပ်တန်းအဖြစ် ပြန်လည် ဖော်ပြသည်ကို တွေ့ရှိရသည်။

မေလ ၂၂ ရက်နေ့ စစ်ကောင်စီ၏ ဒေါက်တိုင်လည်းဖြစ်၊ ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင် ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရသူ ဗိုလ်ချုပ် ချိုထွန်းအောင်ကို ၎င်း ၏နေအိမ်ရှေ့တွင် ပင် Golden Valley Warriors မြို့ပြပြောက် ကျားရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုတွင် ပါဝင်ပတ်သက်သော လုပ်ကြံသူ တရားခံများအဖြစ် လူ ၁၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိကြောင်း ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်ကိုပါ တရားခံစာရင်းအဖြစ် ဖော်ပြခဲ့ခြင်းကို နိုင်ငံတကာသတင်းဌာနများက အကျယ်တဝင့် ပြန်လည် ရေးသားဖော်ပြကြခြင်းဖြစ်သည်။

ရန်ကုန်အခြေစိုက် Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့ကမူ ၆ နှစ်အရွယ် ကလေးငယ်ကိုပါ တရားခံဟု လိမ် လည် အမည်တပ်၍ စစ်တပ်က ဖမ်းဆီးပြခြင်းအတွက် အပြစ်မဲ့ပြည်သူများဖြစ်၍ စာနာသနားမိကြောင်း၊ ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့သော ရဲဘော်များ ဘေးကင်းကြောင်း ပြောဆိုထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article