29 C
Yangon

ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားမျာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရွှေဂူတောင်ပေါ်မှာရှိ စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ တောင်ပေါ်ကျောင်းကို ကျနော်တို့ ညီနောင် မဟာမိတ် ရဲဘော်တွေ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၄ ကောင်သေပြီး အများအပြား ဒဏ်ရာရတယ်” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)। Dawei Guerrilla Revolutionary Foce (DGRF)। Tavoy People Liberation Force (TPLF) ၊ ဧဒင်မှူးတပ်ဖွဲ့၊ က္လားသစ္ဏတ် (ကျားသစ်နက်) ၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ (၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးကို အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြရန် ဒူရက စစ်ကြောင်းက အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article