27 C
Yangon

ကောလင်းမြို့နယ်၊ ကံကုန်းရွာနှင့် ဖလဲကျေးရွာတို့ကို စစ်တပ် လေယာဉ်ဖြင့် ဗုံးကျမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ဖလဲကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၉ ရက် ည ၉ နာရီ ၂၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကောလင်းမြို့နယ်နှင့် ဝန်း သိုမြို့နယ်အစပ် ကံကုန်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော ဂျက် ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲပစ် ခတ်တိုက်ခိုက်ခဲ့ရာ သားအဖနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ် သူမှာ သေဆုံး၍ ဖခင်ဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဖလဲကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ပြည်သူ့နေအိမ် ၆ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန်ချက်တွင်မူ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ကောလင်းမြို့နယ်အရှေ့ဘက်အခြမ်း၊ ဖလဲကျေးရွာသို့ မြစ်ချောင်းတိုင်းပျံသန်းလာသည့် ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၃ လုံး ကျဲချခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား-၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ -ကောလင်းမြို့နယ်၊ ဖလဲကျေးရွာနှင့် ကံကုန်းကျေးရွာပေါ်သို့ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးသွားသည့် နေအိမ် အချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article