27.1 C
Yangon

တောင်တွင်းကြီးတွင် စစ်မှုထမ်းကြေး အဆမတန် ကောက်ခံနေသည့် အိုးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်လတ် ကို ပစ်ခတ်မ တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အဆမတန် ကောက်ခံနေသည့် အိုးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်လတ် ကို ပစ်ခတ်မ တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပုဏ္ဏ၀တီ ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် ဘိုကွီး (ခ) ခင်မောင်လတ် ကို တော်လှန်ရေးအဖွဲ့များက ၎င်း နေအိမ် အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်လတ်၏ ပျူစောထီးများက တော်လှန်ရေး တပ်ဖွဲ့များကို ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ခင်မောင်လတ်သည် ပြည်သူများကို ခြိမ်းခြောက်ရိုက်နှက်ခြင်း၊ စစ်မှုထမ်းကြေးများကို ၎င်းအုပ်စုအတွင်း အဆမတန်ငွေကြေးကောက်ခံခြင်း၊ သစ်လှည်း ဝါးလှည်းများကို ဂိတ်ဖွင့်ကာ အဆမတန်ငွေကြေးတောင်းယူပြီး အသက်အရွယ်ကြီးသူများကိုပါ ရိုက်နှက်နှိပ်စက်ခြင်း၊ ၎င်းရဲ့အုပ်စုအတွင်းကျေးရွာများကို ပြည်သူ့စစ် (ပျူစောထီး) သင်တန်းပေးပြီး ပြည်သူ့စစ် ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကျေးရွာများကို ဖိအားပေးခိုင်းစေခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

“ခင်မောင်လတ်ကို ရှင်းလင်းတဲ့ အချိန်မှာ ကျနော်တို့ရဲ‌ဘော် ၁ ဦးကျသွားတယ်။ သူတို့ ပျုစောထီးတွေက တုံ့ပြန် တိုက်ခိုက်လို့ပေါ့။ ခင်မောင်လတ်က တော်တော်ဆိုးနေတာ ရွေးကောက်ပွဲဖြစ်ဖို့လည်း ဖိအားပေးတယ်။ စစ်မှုထမ်းကြေးလည်း အဆမတန်ကောက်တယ်။ နောက်ပြီး သူက ပျူစောထီး သင်တန်းတွေလည်းဖွင့်ပြီးတော့ လက်နက်တပ်ဆင်ဖို့လုပ်နေလို့ ကျနော်တို့ ရှင်းလင်းခဲ့ရတာ” ဟု ပုဏ္ဏ၀တီ ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) ၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ် ) ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article