27.1 C
Yangon

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို စစ်တပ်က လေယောဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သုံးဆယ်ရွာကို စစ်တပ်က လေယောဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှ စတင်၍ အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ်ရှိ သုံးဆယ်ရွာကို လေယာဉ်ဖြင့် ၄ ကြိမ် ဗုံး ၁၁ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၂ အိမ်နှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ဝ ဗုံး ၆ လုံး ထပ်မံလာရောက်ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၂ ဦးနှင့်အမျိုးသား ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ အိမ်၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ထိမှန် ပျက်စီးသွားခဲ့သည်။

ထို့ပြင် ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article