ရခိုင်ပြည်၊ အမ်းမြို့ ၊ ပျဉ်းတောရပ်ကွက် စာသင်ကျောင်းနှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ ဇူလိုင် ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အမ်းမြို့၊ ပျဉ်းတောရပ်ကွက် အတွင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချခဲ့ရာ စာသင်ကျောင်းနှင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူထိုခိုက်မှု ရှိမရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်- နပခ ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သော မြို့နယ်တစ်ခု ဖြစ်ပြီး ယခုအခါ စစ်တပ် ကင်းစင်သွားပြီ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ထားရသော ဒေသနေ ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်း သတိပေးချက်ဆိုင်ရာ နည်းလမ်း များကို လိုက်နာ ပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်မာစွာထူးထားကြရန် တော်လှန်ရေးအဖွဲ့ အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ – APM (စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ပျဉ်းတောရပ်ကွက်ရှိ စာသင်ကျောင်းနှင့် နေအိမ်တချို့)


