30.4 C
Yangon

မြန်မာနိုင်ငံတွင် လွတ်လပ် ငြိမ်းချမ်းသော ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေမရှိဘဲ ပဋိပက္ခနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများအကြား စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် ကြေညာမှု ကုလအတွင်းရေးမှူးချုပ် စိုးရိမ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၂

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများအကြား စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် ကြေညာမှု အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်က လေးလေးနက်နက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြားတွင် မြန်မာစစ်တပ်က ရွေးကောက်ပွဲ ကျင်း ပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ လေးလေးနက်နက် စိုးရိမ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ လွတ်လပ်ပြီး ငြိမ်း ချမ်းသော ရွေးကောက်ပွဲများ ကျင်းပနိုင်သော အခြေအနေ မရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေး၊ လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို အထွေထွေအတွင်းရေးမှူးချုပ်က ရှုတ်ချပြီး သက်ဆိုင်သူများအားလုံးအနေဖြင့် လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လိုက်နာရန်နှင့် နောက်ထပ် အကြမ်းဖက်မှုများနှင့် လူမျိုးရေးဆိုင်ရာ တင်းမာမှုများကို တားဆီးရန် အပါအဝင် တောင်းဆိုချက်များကို ဆက်လက်​တောင်းဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် အခြေအနေများ ကင်းမဲ့နေသည့်အပြင် ပဋိပက္ခများ ပြင်းထန်လာခြင်း၊ စစ်တပ်က လေကြောင်းမှ ဗုံးကျဲခြင်း၊ အရပ်သား နေအိမ်များကို မီးရှို့ခြင်း၊ ဆက်လက် ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့က မြန်မာ ပြည်သူများ၏ နိုင်ငံရေး အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခြင်းမှ တားဆီးနေဆဲဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article