28 C
Yangon

NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူပြီး ထိန်း ချုပ်နယ်မြေများသို့ ကွင်းဆင်း လုပ်ငန်းတာဝန်များဆောင်ရွက်

Must read

ရန်ကုန်၊ ဩဂုတ် ၄

အမျိုးသားညီညွတ်ရေးအစိုးရ- NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူပြီး NUG တိုက်ရိုက် ထိန်းချုပ်ထားသော နယ်မြေများသို့ ကွင်းဆင်း လုပ်ငန်းတာဝန်များဆောင်ရွက်နေကြောင်း NUG ၏ ပြန်ကြားရေး ဌာန PVTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးကျော်နီက ပြောဆိုလိုက်သည်။

NUG အလုပ်သမားဝန်ကြီးဌာန ၏ ဒုဝန်ကြီး တာဝန်ယူထားသူ ဦးကျော်နီ က ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၏ ဒုဝန်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ယူလိုက်ပြီး စိုးမိုးထိန်းချုပ်နယ်မြေများသို့ ရောက်ရှိကာ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နေကြောင်း၊ မြေပြင်ကွင်းဆင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် NUG သမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်နေကြောင်း၊ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်ထားသော နယ်မြေမှာလည်း အလွန်ကြီးမား ကျယ်ပြန့်ကြောင်း ဦးကျော်နီက ပြောဆိုသည်။

“တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးထိန်းချုပ်ထားမှုက အင်မတန် ကျယ်ပြန့်ကြီးမားတယ်။ တော်လှန်ရေးအင်အားစုတွေက စီမံခန့်ခွဲနေရတဲ့ ပြည်သူလူထုရဲ့ လူဦးရေသည် အင်အားကလည်း မနည်းပါဘူး။ ကျနော်တို့ စီမံဆောင်ရွက်နေရတာတွေကလည်း ပြည်သူလူထုရဲ့ စီးပွားရေး သွားလာရေးကိစ္စတွေ သယ်ယူပို့ဆောင်ရေးကိစ္စတွေ ပညာရေး ကျန်းမာရေးက အစပေါ့။ တချို့နေရာတွေမှာ လျှပ်စစ်မီးကိစ္စကမှ အစပေါ့။ ဒါတွေကို တော်လှန်ရေးအင်အားစုတွေက စီမံဆောင်ရွက်နေရတာပါ” ဟု ဦးကျော်နီက ရှင်းပြသည်။

ဦးကျော်နီက ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် ပူးပေါင်းဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး၊ လုံခြုံ ရေးနှင့် ရဲလုပ်ငန်းများ စနစ်တကျ ဖြစ်ပေါ် အားကောင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် NUG ထိန်းချုပ်ဒေသများနှင့် ERO များ ထိန်းချုပ်ထားသော တိုင်းရင်းသားဒေသများအကြား အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စနစ်တကျ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article