28 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင် ပန်းခြံ၊ ပလပ်မြေ၊ စားကျက်မြေနှင့် ရေကန်နေရာများကို ကြံ့ဖွတ်ပါတီက ပါတီပိုင်မြေများအဖြစ် စစ်တပ်နှင့်ပူးပေါင်း၍ သိမ်းယူ ဂရန်အမည်ဖောက်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၇

ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင် ပန်းခြံ၊ ပလပ်မြေ၊ ရေကန်နေရာများကို ကြံ့ဖွတ်ပါတီက ပါတီပိုင်မြေအဖြစ် စစ်တပ်နှင့်ပူးပေါင်း၍ သိမ်းယူနေကြောင်း မြေသိမ်းဆည်းမှုများကို ကြုံတွေ့နေရသူ ရန်ကုန်ပြည်သူတချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှုလမ်းရှိ အများပြည်သူ အမှိုက်ပစ်ရာနေရာကြီးတစ်ခုလုံးကို ခြံစည်း ရိုး နှင့်သံဆူးကြိုးများ ကာရန်ကာ ကြံ့ဖွတ်ပါတီပိုင်မြေဟု ဆိုင်းဘုတ်တပ်ပြီး မကျူးကျော်ရန် သတိပေးထားကြောင်း၊ ယခုရက်ပိုင်းအတွင်း ယင်းကဲ့သို့ ကြံ့ဖွတ်ပါတီက အများပြည်သူပိုင်မြေကို သိမ်းယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် အများပြည်သူပိုင် ပန်းခြံနှင့် ပြည်သူပိုင် စားကျက်နှင့်ပလပ်မြေမ​ေ​ြနေရာများကို ကြံ့ဖွတ်ပါတီက သိမ်းပြီး ပါတီပိုင်အဖြစ် ဂရန်အမည်ဖောက်မှုများရှိနေကြောင်း သိရှိရသည်။

“ဒီရက်ပိုင်းတွေမှာ ကြံ့ခိုင်ရေးပါတီက မြေဂရန်အမည်ဖောက်တာတွေ ရှိတယ်။ YCDC ကနေ ပါတီအမည်နဲ့ ဂရန်အမြန်ထုတ် ပေးတာတွေရှိတယ်” ဟု ရန်ကုန်တိုင်းထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ကြံ့ဖွတ်ပါတီနှင့်ဆက်နွယ်နေသော စစ်အရာရှိဟောင်းများကလည်း အများပြည်သူပိုင်မြေကွက်များကို သိမ်းယူမှုများရှိပြီး ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း တင်မောင်ဦးက ပန်းခြံနှင့်အများပြည်သူပိုင်မြေကွက်များကို သိမ်းယူပြီး ဂရန်အမည်ဖောက်မှုများရှိကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစတင်၍ ဗိုလ်မှူးကြီးဟောင်းလည်းဖြစ်၊ ကြံ့ဖွတ်ပါတီအမတ်ဟောင်းလည်းဖြစ်သူ တင်မောင်ဦးနှင့်အဖွဲ့က ရွှေပြည်သာမြို့နယ်အတွင်းရှိ ဥယျာဉ်မြေကွက်များ၊ မီးတားမြေကွက်များ၊ စားကျက် မြေများနှင့် မြေလွတ်များကို ဂရန်အမည်ဖောက်၍ ရောင်းစားမှုများ လုပ် ဆောင် လာခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြည်သူပိုင် မြေကွက်များကို ဂရန် အမည်ဖောက်၍ ရောင်းစားရာတွင် ထွေ/အုပ်၊ စည်ပင်၊ ရန်ကုန်တိုင်းစစ်ကောင်စီ၊ မြေစာရင်း၊ စစ်တပ် ဗျူဟာမှူးတို့ ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်နှင့် ကြံ့ဖွတ်များ၊ စစ်အရာရှိဟောင်းများ ပူးပေါင်း၍ အများပြည်သူပိုင် မြေကွက်များ၊ ပန်းခြံများကို သိမ်းယူပြီး ဂရန် အမည်ဖောက် ၍ ရောင်းချမှုများ အကြီးအကျယ် ဖြစ်ထွန်းနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article