တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့၌ အကြမ်းဖက် စစ်အုပ်စု၏ ရွေးကောက်ပွဲအလိုမရှိကြောင်း လောင်းလုံးမြို့နယ်အတွင်း ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်ပွဲ နှင့် ၃၇ နှစ်မြောက် ၈၈၈၈ နေ့ အထိမ်းအမှတ်ချီတက်ပွဲအား လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် မြို့နယ်အတွင်းရှိ ပြည်သူရာချီပါဝင်ခဲ့ပြီး “အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲအလိုမရှိ”၊ “စစ်အာဏာရှင်စနစ်အလိုမရှိ”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့အရေး” စသည့်ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။


