ဖယ်ခုံမြို့နယ်တစ်နေရာ၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နှင့် ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ရဲဘော်များပူးပေါင်း၍ ၈၈၈၈ လူထုအရေးတော်ပုံ ၃၇နှစ်ပြည့်မြောက် နှစ်ပတ်လည်အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် မဟာမိတ်အဖွဲ့စည်း အသီးသီးမှ ရဲဘော်များတက်ရောက်ပြီး အလံအလေးပြုခြင်းနှင့် ကျဆုံးခဲ့သော ကျောင်းသားပြည်သူရဟန်းရှင်လူများအားအလေးပြုခြင်း၊ ၈လေးလုံးသမိုင်းကြောင်းအား ရှင်းပြပြောဆိုခြင်း၊ ကျောင်းသားသမဂ္ဂသမိုင်းကြောင်းအား အကျဉ်းချုပ်ပြောပြခြင်း၊ သဝဏ်လွှာရွတ်ဖတ်ခြင်းနှင့် ကျောင်းသားထုနှင့် အမေးအဖြေကဏ္ဍ၊မိတ်ဆက်စည်းရုံးခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


