27.2 C
Yangon

ရေနံချောင်းမြို့နယ်၊ လည်ကျည်းရိုးရွာ ကိုးတောင်ပြည့်ဘုရားဝင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စေတီများ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၈

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လည်ကျည်းရိုးရွာ ကိုးတောင်ပြည့်ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စေတီများ ထိခိုက်ပျက်စီးခဲ့ကြောင်း People’s Defence Force -Yenangyaung က ထုတ်ပြန်ထားသည်။

ယနေ့ ဩဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် လည်ကျည်းရိုးကျေးရွာ ကိုးတောင်ပြည့်ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဗုံး ၃ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ ဘုရားဝင်း အတွင်းရှိ စေတီများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုးတောင်ပြည့်ဘုရားဝင်းတွင် တော်လှန်ရေး တပ်ဖွဲ့များ နေထိုင်ခြင်းမရှိဘဲ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း People’s Defence Force-Yenangyaung အဖွဲ့က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article