ရန်ကုန်၊ ဩဂုတ် ၈
လန်ဒန်မြို့ ပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်ရုံး နေအိမ်ရှေ့တို့တွင် ယူကေရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်အပေါင်းအား အလေးပြုခဲ့ကြပြီး ယူကေရောက် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက တက်ရောက် စကားပြောခဲ့ကြကာ နိုင်ငံတကာမှ အစိုးရ ၊ ပြည်သူများမြန်မာပြည်မှ အာဏာသိမ်းစစ်ကောင်စီအား ဖိအားပေး အရေးယူပေးရန်၊ အပြစ်မဲ့ပြည်သူများ ကလေးသူငယ်များအား ဗုံးကြဲသတ်ဖြတ်နေခြင်း များအမြန်ဆုံး ရပ်တန့်ပေးရန်၊ ညှင်းပန်းနှိပ်စက်ခံ နိုင်ငံရေး အကျဉ်းသားများနှင့် တကွ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ချက်ချင်းလွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ပြီး ယူကေဝန်ကြီးချုပ်ထံသို့လည်း လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြကြောင်း သိရှိရသည်။


