27.5 C
Yangon

KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲပြီး စစ်အာဏာရှင် အမြစ်ပြတ်သည် အထိ တိုက်ခိုက်သွားမည်ဟု NUG ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲကာ စစ်အာဏာရှင် အမြစ်ပြတ်သည် အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဟု NUG အစိုးရက ပြောဆိုလိုက် သည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သော ၅၀ နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ NUG အစိုးရက ပေးပို့သော ဂါရဝပြုသဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်တစ်ဝှမ်း ရှိ ပြည် သူလူထု၏ ရည်မှန်းချက်ပန်းတိုင်များဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်သည်ထိ တွန်းလှန်ရေး၊ အမျိုးသားတန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုစနစ်ကို တည်ဆောက်ရေးတို့အတွက် မဟာမိတ် ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင် တော်လှန်ရေး တပ်ဖွဲ့များနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်၍ ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက ခိုင်မာစွာယုံကြည်ပါကြောင်း NUG အစိုးရက ပြောဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကို ကြိုးပမ်းခဲ့စဉ်ကတည်းက ယခုလက်ရှိ နွေဦးတော်လှန်ရေး ကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ဖြစ်အောင် ကြိုးပမ်းမှုအထိ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ကချင်တိုင်းရင်းသားခေါင်းဆောင် အာဇာနည်များ၊ ကချင်တိုင်း ရင်းသားပြည်သူလူထုနှင့်တကွ ကချင်တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်ပါကြောင်း ဆက်လက် ပြောဆိုထားသည်။

အာဏာရှင်စနစ်ကိုဖယ်ရှားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူ ထောင် ရေး တို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကို စတင် တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC – Lahtaw Zau Seng) ၊ ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကေအိုင်အို နိုင်ငံခြားဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်းရှိ (ထိုစဉ်က) ကေအိုင် အေ စစ်တပ်စခန်းသို့ အလာတွင် တပ်စခန်းသို့မရောက်မီ လမ်းတစ်ဝက်တွင် အာဏာရှင်တို့ ၏လက်ပါးစေ မသမာသူလူတစ်စုက လုပ်ကြံခံရကြောင့် သိရသည်။

အဆိုပါဖြစ်ရပ်သည် ကချင်လူထုတစ်ရပ်လုံးအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်သလို ယနေ့ အထိ အမှတ်တရ ရှိခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ်အဖြစ် သြဂုတ်လ (၁၀) ရက်နေ့ကို ကချင် အာဇာနည် နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့ရာ ယခု နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ပြီး ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ခဲ့သော်လည်း ကချင်တော်လှန်ရေး တပ် ဦး ဖြစ်သည့် KIO/KIA ကို စုစည်းညီညာစွာဖြင့် ဆယ်စုနှစ်များစွာတိုင်တိုင် ကချင်တော်လှန်ရေး ပန်း တိုင်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့သော ကချင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုနှင့် ခေါင်း ဆောင်ကောင်းများ၏ အမြော်အမြင်ရှိမှုတို့ကို လေးစားဖွယ် မြင်တွေ့ရကြောင်း NUG အစိုးရ၏ သဝဏ်လွှာ၌ ဖော်ပြာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article