25.7 C
Yangon

စစ်တောင်းမြစ်အရှေ့ကမ်းရှိ ကဲလင်းဆိတ်ကျေးရွာ တောင်ခြေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းရှိ ကဲလင်းဆိတ်ကျေးရွာ တောင်ခြေကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yedashe Township Information မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြို့သစ် လေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ကမ်းရှိ ကဲလင်းဆိတ်ကျေးရွာ တောင်ခြေတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ ကြိမ် ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ စစ်ခွေးတွေ တိုက်ပွဲပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ တော်လှန်ရေး တပ်ဖွဲ့များက အောက်ကနေလည်း G3 နဲ့ ပြန်ပစ်ပါတယ်။ လေထီးက ကွေ့ပြီး ဗုံးကျဲဖို့ နိမ့်ဆင်းလာတဲ့ အချိန်မှာ ထိခိုက်မှုတော့ မရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုး မရှိပါဘူး”ဟု Yedashe Township Information မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အလားတူ ဇွန်လပိုင်းကလည်း ရေတာရှည်မြို့နယ်ရှိ ကဲလင်းဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပိန်းနှဲပင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article