26 C
Yangon

စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်ကြိုးပမ်းနေချိန် မိုးမောက်မြို့အနီး ဗဟိုပြု၍ အင်အား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသိသာသာ ခံစားခဲ့ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန် ကြိုးပမ်းနေချိန် မိုးမောက်မြို့အနီး ဗဟိုပြု၍ အင်အား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသိသာသာ ခံစားခဲ့ရကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် NUG အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၆ မိနစ်ခန့်တွင် မိုးမောက်မြို့အနီး၊ မြေအောက်အနက် ၁ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅.၅ အဆင့်ဖြင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုမြေပြင်လှုပ်ခတ်မှုကို မြစ်ကြီးနားမြို့ပေါ်မှ ပြည်သူများ အပါအဝင် လိုင်ဇာ၊ ဝိုင်းမော်နှင့် အင်းကျန်ယန်း အထိ သိသိသာသာခံစားခဲ့ရကြောင်း၊ ပြည်သူများလည်း နေအိမ်များမှ လမ်းမပေါ် ထွက်ပြေးသူများလည်းရှိကြောင်း သိရှိရသည်။

“ဒီနေ့နံနက်ပိုင်း ငလျင်လှုပ်တာ မြစ်ကြီးနားမြို့ပေါ်က ပြည်သူတွေပါ သိသိသာသာ ခံစားရတယ်။ လိုင်ဇာဆို တော်တော်ကြမ်းတယ်လို့သိရတယ်။ ဝိုင်းမော်နဲ့ အင်းကျန်ယန်း အထိပါ ငလျင်ဒဏ်ကို ခံစားကြရတယ်။ မြစ်ဆုံအထက်ထိပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြန်မာ ဘူမိသိပ္ပံပညာရှင်များကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article