26.2 C
Yangon

တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာ အနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ညနေ ၄ နာရီထိ ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ‎ဇူလိုင်လနှောင်းပိုင်းမှစတင်ပြီး လယ်တောင်ယာ၊ တမုတ်ချုံကျေးရွာအနီးတွင် ခြေကုပ်ယူထားသောကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပြည်သူများကို ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊တပ်ခွဲ ၃ နှင့် တနင်္သာရီမြို့နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေသနေ ပြည်သူများ ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်နှင့်တော်လှန်ရေးတပ်များမှ ထုတ်ပြန်ထားသော သတိပေးချက်များအားလိုက်နာကြပါရန် မြိတ်ခရိုင် တပ်ရင်း ၂ က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article