25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် စစ်ကိုင်းမြို့နယ် ဆားတောင် ရဲစခန်း နှင့် ကျားမင်းကြီးရွာမှ ထွက်လာသောမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးကာ ၂ ဦး အရှင် ဖမ်းမိခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” မန္တလေး-ရွှေဘို လမ်းပိုင်း အတိုင်းစစ်ကြောင်းထိုးပြီး ကျားမင်းကြီးရွာကို ရောက်နေတဲ့ စစ်ခွေးတွေနဲ့ ဆားတောင်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ မိုင်းဆွဲ ပစ်ခတ် တိုက်တာက အဲ စစ်ခွေး စစ်ကြောင်း ၂ ကြောင်းလုံး ပူးပေါင်းမိတဲ့ အချိန်ကို စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာ ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၅ ကောင်သေပြီး ၂ ကောင်ကို အရှင်မိတယ်။ လက်နက်တွေတော့ သိမ်းဆည်းရမိတာမရှိဘူး။ အခု အဲစစ်ခွေးစစ်ကြောင်းက ဆားတောင်မြို့ကို ရောက်သွားပြီ” ဟု YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေး-ရွှေဘိုလမ်းပိုင်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ နောက်ကျန် အင်အား ၁၀၀ ခန့်သည်လည်း လက်ရှိချိန်ထိ ကျားမင်းကြီးရွာတွင် တပ်စွဲထားပြီး မည်သည့် နေရာသို့ ဆက်လက် ထွက်ခွာမည်ကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article