25.4 C
Yangon

ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီး ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီးတဝိုက်တွင် ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ် သား ၆၀ ကျော်သေ ဆုံးကာ အလောင်းများ ပုံထပ်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ဗန်းမော်မြို့၊ မြစ်ဆုံဟိုတယ်အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့က ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့ရော ညပါ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သားအလောင်းများ ပုံထပ်နေကာ လာရောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

“ဗန်းမော်မြို့အခြေအနေကတော့ မနေ့က ညအထိ တိုက်ပွဲဖြစ်တာ။ နေ့ရော၊ ညရော ၄ ရက် ဆက် တိုက် တိုက်ပွဲအကြီး အကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေဘက်တော့ တော်တော်လေး အထိနာတယ်။ သေတာ အယောက် ၆၀ ကျော်လောက်ရှိမယ်၊ စခတွေသေတာ။ ဒဏ်ရာရ တာတော့ မသိဘူး။ သူ တို့က ပြန်ဆုတ်သွားပြီ။ စခတွေဘက်က လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရ ထားတာ အများ ကြီးပဲ။ အလောင်းတွေလည်း ပုံနေတာ ဒီအတိုင်းကြီး။ သူတို့ဘက် ထိုးစစ်ဆင်တာပါ။ စခတွေဘက် က ထိုးစစ်ဆင်လာတာ။ အဓိကဖြစ်တာက မြစ်ဆုံ ဟိုတယ်နား အနီးတဝိုက်ပေါ့။” KIA စစ်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဗန်းမော်မြို့ရှိ အမြောက်တပ် ၃၆၆ စခန်းကို စစ်တပ်က ပြန်လည် သိမ်းပိုက်သွားပြီးနောက် KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ဗန်းလေယာဉ်ကွင်းမှာလည်း စစ်တပ်က တစ်ဖက်၊ KIA တစ်ဖက် အပြန်အလှန်ထိန်းချုပ်ထားကြကြောင်း သိရသည်။

ဓာတ်ပုံ- ဗန်းမော်လေဆိပ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ KIA က ထိန်းချုပ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article