22 C
Yangon

ချောက်မြို့နယ်တွင် ပျူစောထီး ၁ ဦး မိသားစုဝင်များပါ ခေါ်ဆောင်လာပြီး သေနတ် ၁ လက်ယူဆောင်လာကာ အလင်းဝင်ရောက်လာ၍ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးရွာမှ ပျူစောထီး ၁ ဦး မိသားစုဝင်များပါ ခေါ်ဆောင်လာပြီး သေနတ် ၁ လက် ယူဆောင်လာကာ အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြု ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း Chauk Revolution Army မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် ချောက်မြို့နယ်၊ ကုန်းကြီးပျူစောထီးရွာမှ ပျူစောထီး အောင်ကျော်စန်းသည် မိသားစုဝင်များပါ ခေါ်ဆောင်လာပြီး သေနတ် ၁ လက် ယူဆောင်လာ၍ ချောက်တော်လှန်ရေးတပ် (CRA) သို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော ပျူစောထီး အောင်ကျော်စန်း သည် MA-2 (စက်ကလေး) ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁၄၅‌ တောင့် နှင့် အတူအလင်းဝင်ရောက်လာ၍ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အလင်းဝင်ရောက်လာတဲ့ သူက သူကိုယ်တိုင် ကျနော်ဆီကို ဆက်သွယ်ပြီး ဝင်ရောက်လာတာပါ။ သူ့မိသားစုနဲ့ အတူ လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပြီးပါပြီ” ဟု Chauk Revolution Army မှပြန်ကြားရေးတာဝန်ခံကပြောဆိုသည်။

ချောက်တော်လှန်ရေးတပ် (CRA) အနေဖြင့် အလင်းဝင်လာသော အောင်ကျာ်စန်းကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်‌မြေသို့ မိသားစုနှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article