ဒီကနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဟာ မြန်မာစစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ် ထွေ/အုပ်ရုံးနှင့် အထက ကျောင်းတို့မှာ အတုယောင် ရွေးကောက်ပွဲ မဲပေးစနစ်ကို သရုပ်ပြဖို့အတွက် ပြင်ဆင်နေတဲ့ အကြမ်းဖက် စစ်တပ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ UG ကျားပေါက် အဖွဲ့ နှင့် စလင်း ပလဖ (ယာယီ) အဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက် က သေဆုံးထိခိုက်မှုတော်တော်များပြီး ဒုကျောင်းအုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါ အဝင် တော်တော်များများလဲ ထိခိုက်ပျက်စီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
