25.7 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်တွေကို တစ်ဦးချင်းစီ နိုင်ငံတကာက ပိတ်ဆို့ထားပေမယ့် စစ်ကော်မရှင်အနေနဲ့ အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေတယ်လို့ JFM သတိပေး

Must read

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်တွေကို တစ်ဦးချင်းစီ နိုင်ငံတကာက ပိတ်ဆို့ထားပေမယ့် စစ်ကော်မရှင်အနေနဲ့ အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေတယ်လို့ JFM သတိပေး

ရန်ကုန် | စက်တင်ဘာ ၂

နိုင်ငံတကာက စစ်ဗိုလ်ချုပ်တွေကို တစ်ဦးချင်းစီ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပေမယ့် စစ်ကော်မရှင် အဖွဲ့အစည်းအနေနဲ့တော့ အရေးယူဒဏ်ခတ်ပိတ်ဆို့ခံရမှုကနေ ကင်းလွတ်နေတယ်လို့ Justice For Myanmar(JFM)က ဒီနေ့ ထပ်မံသတိပေးပါတယ်။

စစ်ကော်မရှင် ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင် အားလုံးမှာ အနည်းဆုံးနိုင်ငံတစ်ခုခုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသူတွေ ဖြစ်ပေမယ့် စစ်ကော်မရှင် (SSPC) အဖွဲ့အစည်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိတာက စိုးရိမ် ဖွယ်ရာအခြေအနေဖြစ်နေပြီး စစ်အုပ်စုအတွက် ကယ်ပေါက်တခု ဖန်တီးထားသလိုဖြစ်နေတယ်လို့ JFMက ထောက်ပြပါတယ်။

စစ်ကော်မရှင်မတိုင်ခင် အရင် စစ်ကောင်စီ (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ) ကိုတော့ အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်ကနေ ၂၀၁၃ခုနှစ်အတွင်း အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ EUနဲ့ ကနေဒါနိုင်ငံတို့က ဒါဏ်ခတ်ပိတ်ဆို့မှုတွေ အသီးသီ ချမှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် အဆိုပါကော်မရှင်ကို နိုင်ငံ တကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတာ မရှိသေးဘူးလို့ JFM က ဆိုပါတယ်။

မြန်မာစစ်အုပ်စုက တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတခုအပြင် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို နိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်​(SSPC) လို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ တရားမဝင်စစ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားနိုင်ရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားရှောင်ရှားနိုင်ခြင်း မရှိစေရေးတို့အတွက် စစ်ကော်မရှင် (SSPC)ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ အမြန်ဆုံး ထည့်သွင်းဖို့ JFM က ထပ်မံ တောင်းဆိုပါတယ်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article