ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်က မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြန်လည်ရရှိရေးကို ကူညီဆောင်ရွက်ပေးဖို့ တရုတ်အစိုးရဆီမှာ အတိအလင်း အကူညီသွားတောင်းနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်ပြည်နယ် ကျုံဒိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၅၄၅ တပ်ကိုပို့ခံရတဲ့
စစ်မှုထမ်းတပ်သားသစ် အယောက် ၃၀ ကျော် ထွက်ပြေးသွားကြတဲ့အပြင် ၊ တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး စစ်သား အယောက် ၄၀ နီးပါးလည်း အသီးသီးသေကုန်ကြပြီလို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၆၃ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်း ဆိုသူဟာ သူတို့စစ်တပ်က ထောင်ထားတဲ့ မိုင်းကို ပြန်နင်းမိပြီး သေသွားသလို သူ့ရဲ့ မသာအလောင်းကို ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ သဂြိုလ်မယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
