26.9 C
Yangon

ပုလဲမြို့နယ်နှင့် မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် မြောင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပုလဲမြို့နယ်၊ တနယ်ကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော FCT 2000 G ဂျက်ဖိုက်တာ လေယာဉ် ၁ စီးက ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံးမီးလောင်ကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ကျဲချသွားတာ ပေါင် ၅၀၀ ဗုံးနဲ့ နေအိမ်ပေါ်တည့်တည့်ကျပြီး နေအိမ်မီး လောင်ပျက်စီးတယ်။ အိမ်ရှင်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေတယ်။ နွား ၄ ကောင်လည်း သေတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘတ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က မြောင်မြို့နယ်၊ နဘတ်ကျေးရွာအတွင်းသို့ ရေစ ကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ရာ နဘတ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေပြည်သူ ၄ ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

“ရေစကြိုမြို့ပေါ်ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ၂ လုံးပစ်ခတ်တာ၊ တစ်လုံးက ဘုရင်ဂျီ ချက် ကျောင်းဘက်ကျတယ်။ အသေအပျောက်တော့မရှိပါဘူး။ ဒဏ်ရာရအနည်းငယ်စီပဲရတာ၊ လက် နက်ကြီးအစ စင်တာ၊ စုစုပေါင်း ၄ ယောက်ဒဏ်ရာရတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article