ဒီကနေ့ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား တဲ့ နယ်မြေတချို့ကို ပြန်သိမ်းနိုင်တဲ့ အောင်မြင်မှု အနည်းငယ်လေးဘဲ ရရှိလာချိန်မှာ စိတ်ကြီးဝင် ဘဝင်မြင့် နေတဲ့ စစ်တပ်ကို ခွေးပြေးဝက်ပြေးဖြစ်အောင် AA က တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ AA က သတင်းထုတ် ပြန်ပါတယ်။
-မြန်မာနိုင်ငံမှာ ဆာလောင် မွတ်သိပ်မှုကို တုန့်ပြန်တဲ့အနေနဲ့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနှင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၄၀၀၀ ကို အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေး အကူအညီတွေကို ပေးအပ်သွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မနေ့က စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
-စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားဖို့ ထုတ်ပြန်ထားပါတယ်။ NMSP-AD/RMA က စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက် ဖျက်သွား မှာဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်တာကို လုံးဝလက်မခံဘူးလို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) / ရာမညမွန်တပ်တော်ရဲ့တာဝန်ရှိသူ နိုင်ကောင်းစကား ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
