31.6 C
Yangon

နတ္တလင်းမြို့နယ်၊ တောင်ညိုဆည် မကျီးပင်ဂိတ်မှ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွား၍ ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည် မကျီးပင်ဂိတ်မှ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွား၍ ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီခန့်တွင် နတ္တလင်းမြို့နယ်၊ တောင်ညိုဆည် မကျီးပင်ဂိတ်တွင် အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး သွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ကျည်များ၊ ရှေ့ထွက်မိုင်းများ၊ ဆန် ၁၁ အိတ် ၊ ပဲ ၂ အိတ်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ မကျီးပင်ဂိတ်တွင် စစ်သားများ အထိုင်ချ တပ်စွဲထားသည်မှာ နှစ်ချီကြာမြင့်ပြီးဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော နေရာဖြစ်ကြောင်း သိရသည်။

“အဲဒီ စစ်ခွေး စခန်းက သူတို့ အင်အား ၂၀ လောက်နဲ့ တပ်စွဲထားတာ နှစ်နဲ့ချီကြာမြင့်နေပြီး တိုက်ပွဲတွေ ဘာတွေဖြစ်ပြီးဆို စစ်ခွေးတွေက အင်အား ၄၀ လောက်နဲ့ တပ်စွဲထားတဲ့ နေရာပေါ့။ ကျနော်တို့ နယ်မြေရှင်းလင်းလုပ်ဆောင်တဲ့ အချိန် ဆန် ၁၁ အိတ်၊ ပဲ ၂ အိတ်နဲ့ ကျည်တချို့ ရှေ့ထွက်မိုင်းတွေ စစ် အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်” ဟု သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ နယ်မြေရှင်းလင်းရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ဒုရင်းမှူး ဦးဆောင်ပြီး ၃၈၀၁ တပ်ခွဲ ၂ ၊ ၄ နှင့် ၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မော်လိုက်မြို့နယ် တောင်းအင်းစစ်တပ်စခန်းကို စစ်သားအားလုံး စခန့်စွန့်ခွာထွက်ပြေး သွားကြောင့် တော်လှန်ရေး တပ်ဖွဲ့များ သေနတ်တစ်ချက်မှ ပစ်ဖောက်ရခြင်းမရှိဘဲ စခန်းသိမ်းပိုက်နိုင်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article