31.6 C
Yangon

ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဖားကန့်မြို့နယ်၊ မမုံ -ဖားပြင် -ဖားကန့်လမ်းပေါ် ရှိ မှော်တောင်း၊ ဆန်းကြွယ်ကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်လာခဲ့သဖြင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များ က ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ် ခတ်မှုကြောင့် ဆန်းကြွယ်ကျေးရွာ၊ မစိုးရိမ်ကျောင်း တိုက်မှ သံဃာတော် ၁ ပါးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာရရှိသူများတွင် ကလေးငယ် ၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။

“မနက် ၄ နာရီလောက်က မမုံ-ဖားပြင်‌ကျေးရွာတို့ နဲ့ ဖားကန့်သွားလမ်းပေါ်က မှော်တောင်း-ဆန်း ကြွယ်ကျေးရွာကို စကမအဖွဲ့ စစ်ကြောင်းထိုးတာမှာ KIA/KPDF ပူးပေါင်းတပ်နဲ့ထိတွေ့ တိုက်ပွဲဖြစ် ပြီး ဆန်းကြွယ် မစိုးရိမ်ကျောင်းတိုက်က သံဃာ ၁ ပါး အပါအဝင် မှော်တောင်းနဲ့ ဆန်းကြွယ်ကျေး ရွာက ကျေးရွာပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေမှာ အသက် ၇ နှစ် အရွယ်ကလေးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရပါတယ်။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်ကလည်း ဖားကန့်မြို့၊ အေးမြသာယာ ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ များကြား မှော်တောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ဂိတ်စခန်းတစ်ခု ဆုတ်ခွာပေးလိုက်ရကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၅ ရက် ညပိုင်းကလည်း ဖားကန့် -ဆိပ်မူသွား လမ်းမပေါ်ရှိ ယူမာကျေးရွာ၊ အဲဗားမျောခြံထဲ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့နှင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“-မှော်တောင်းကျေးရွာမှာရှိတဲ့ KIA/KPDF ဂိတ်ကိုလည်း ဆုတ်ခွာပေးထားရတယ်လို့ သိရပါတယ်။ ဖားကန့်-ဆိပ်မူသွားလမ်းပေါ် ယူမာကျေးရွာရှိ အဲဗားမျောခြံထဲက စကမအဖွဲ့တွေနဲ့ KIA/KPDF တို့ မနေ့ည တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ မနေ့ညက လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေး ရွာက လူငယ်အချို့ကို စကမအဖွဲ့က လူသားဒိုင်းကာလုပ်ဖို့ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိ ဖားကန့်ဒေသတစ်ခုလုံး စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိနေတဲ့အတွက် စစ်ဘေးရှောင် ဦးရေ ထပ်တိုးလာဦးမှာဖြစ်ပါတယ်၊ ဒါကြောင့် ဝိုင်း ဝန်းကူညီကြဖို့ ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါ တယ်။ ဟု ဖားကန့်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က မေလနှောင်းပိုင်းမှစတင်၍ ဖားကန့်ဒေသသို့ စစ်ကြောင်းများ ဆက်တိုက် စေလွှတ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဓာတ်ပုံ- ဩဂုတ်လအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဖားကန့်တွင် မီးများလောင်ကျွမ်းနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article