ဒီကနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပျက်ပြားအောင် လှုံ့ဆော်မှု နဲ့ အွန်လိုင်းမီဒီယာအသုံးပြု ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူမယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဆိုသူ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ခြိမ်းခြောက်လာပြန်ပါတယ်။
-ကရင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်အတွင်း စစ်တပ်က လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့က ကူညီမယ်ဆိုပြီး ထုတ်ပြန်ပြောဆိုလာပြန်ပါတယ်။
-ရန်ကုန်မြို့ ၊ သာကေတမြို့နယ်က လူမိုက် ဝင်းထွဋ်ဝင်း ဆိုသူက လက်နက်ကိုင် ပျူစောထီးအဖွဲ့ ထူထောင်ပြီး စစ်တပ်အတွက် စစ်မှုထမ်းတပ်သား ရရှိရေး လူငယ်တွေကို ဖမ်းဆီးနေသလို ၊ ပြည်သူလူထုကို နည်းပေါင်းစုံနဲ့ အနိုင်ကျင့်ဗိုလ်ကျ ခြိမ်းခြောက်တာတွေလုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
