26.2 C
Yangon

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်ပအစားထိုးသွင်းကုန်များ အစား ပြည်တွင်းထုတ်ကုန်များကို ဆိုင်များဖွင့်လှစ်ရောင်းချရန် စစ်ကော်မရှင်က ပြည်နယ်/တိုင်းအစိုးရများကို အရေးပေါ် ညွှန်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်ပအစားထိုးသွင်းကုန်များ အစား ပြည်တွင်းထုတ်ကုန်များကို ဆိုင်များဖွင့်လှစ်ရောင်းချရန် စစ်ကော်မရှင်က ပြည်နယ်/တိုင်းအစိုးရများကို အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဩဂုတ်လနှောင်းပိုင်းတွင် ထုတ်ပြန်လိုက်သော စစ်ကော်မရှင်၏ ညွှန်ကြားချက်တွင် ပြည်နယ်/တိုင်းအစိုးရများ အနေဖြင့် မိမိတို့၏ ပြည်နယ်/တိုင်းများအတွင်း ပြည်သူများ သက်သာစွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း ထုတ်ကုန်များအားလုံးကို ရောင်းချနိုင်သော ဆိုင်များအားလုံးကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ အစီ အစဉ်ဖြင့် မြို့နယ်တိုင်း ဖွင့်လှစ်ရောင်းချသွားရန် လိုအပ်ကြောင်း၊ ယင်းဆိုင်များတွင် ရောင်းချမည့် ကုန်ပစ္စည်းများမှာ ပြည်ပသွင်းကုန် အစားထိုး ပြည်တွင်းကုန်ပစ္စည်း စစ်စစ်များကိုသာ ရောင်းချရမည်ဟု ညွှန်ကြား လာကြောင်း သိရှိရသည်။

” ပြည်တွင်းထုတ်ကုန်တွေချည်းပဲ သီးသန့်ရောင်းတဲ့ဆိုင်တွေ ဖွင့်ခိုင်းတယ်။ ဆပ်ပြာကစလို့ စားသောက်ကုန်၊ လူသုံးကုန် အားလုံး ပြည်တွင်းထုတ်တွေချည်းပဲ တင်ရမယ်။ အဲဒါ တိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ်အစိုးရတွေက စံပြ ဆိုင်တွေ စဖွင့်ရမယ်။ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန် အားပေးတဲ့ဆိုင်တွေ ဖွင့်ခိုင်းတာ” ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်တွင်းထုတ်ကုန်များ သီးသန့်ရောင်းချသည့် ဆိုင်များမှာ ယခင်စက်မှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သော ဝင်းသူဇာ အရောင်းဆိုင်များကဲ့သို့ မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ စစ်တပ် လက်အောက်ခံ စက်ရုံအလုပ်ရုံများက ထုတ် လုပ်သော ထုတ်ကုန်များ အပါအဝင် ပြည်တွင်းထုတ်ကုန်များကို အစိုးရ၊ ပုဂ္ဂလိက မခွဲခြားဘဲ ကုန်ပစ္စည်း အမျိုးစုံ ရောင်းချခိုင်းခြင်းဖြစ်ကြောင်း သိရှိရသ်။

ထိုကဲ့သို့ ပြည်တွင်းထုတ်ကုန်သီးသန့်သာ ရောင်းချလိုသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများရှိပါကလည်း အခွန်သက်သာခွင့် ၊ လိုင်စင်များ လျှင်မြန်စွာ ချပေးခြင်း အပါအဝင် အထူး သက်သာခွင့်နှင့် အခွင့်အရေးများပေး၍ ဖွင့်လှစ်ခွင့်ပြုရန်ပါ ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဩဂုတ်လအတွင်း လှိုင်သာယာမြို့နယ်တွင် စစ်တပ်က စတင်ဖွင့်လှစ်လာသည့် ပြည်ပသွင်းကုန်အစားထိုး ကုန်မျိုးစုံ အရောင်းဆိုင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article