အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်ကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern California က ဦးဆောင်၍ “ရန်သူ့ထောင်ချောက် တရားမဝင်ရွေးကောက်ပွဲကို ရရာနည်းနဲ့ ကြိုတင်တိုက်ဖျက်ချေမှုန်းကြ၊ နောက်ကမလိုက်နဲ့ ရှေ့ကတိုက်ကြ” ခေါင်းစဉ်ဖြင့် ၁၆၂ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။


