28.4 C
Yangon

ယူကေရောက် မြန်မာပြည်ဖွားများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း နှင်းဆီဆုတောင်း အစီအစဉ်ပြုလုပ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

ယူကေရောက် မြန်မာပြည်ဖွားများက လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း နှင်းဆီဆုတောင်း အစီအစဉ်ကို မန်ချက်စတာ ဟင်းအိုးကြီး ၄ နှစ်မြောက် ရန်ပုံငွေစျေးရောင်းပွဲတွင် ဆုမွန်ကောင်းတောင်းခဲ့ကြောင်း သိရှိရသည်။

မန်ချက်စတာ ဟင်းအိုးကြီး ထူထောင်သည်မှာ ၄ နှစ်မြောက်ပြီဖြစ်ပြီး ပြည်တွင်းလိုအပ်သောနေရာများကို ဆက်တိုက်ကူညီပံ့ပိုးလျက်ရှိကြောင်း၊ အဆိုပါ အခမ်းအနားသို့ UK ရောက် မြန်မာပြည်ဖွားမိသားစုများနှင့်အတူ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့ တက်ရောက် ဆုတောင်းစကားများပြောကြား‌ခဲ့ကြကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း နှင်းဆီဆုတောင်း အစီအစဉ်ဖြင့် တက်ရောက်ကြသူများက နှင်းဆီပန်းများပန်ဆင်ကြ‌ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article