စစ်ကိုင်းတိုင်း၊ ရေဦးမြို့အတွင်းရှိ တိုင်းရင်းဆေးရုံ အတွင်းသို့ တပ်စွဲနေထိုင်လျက်ရှိသောနေရာနှင့် ကြာဖူးအဝိုင်း မြို့အ၀င်ဂိတ်ကိုတို့ကို လက်နက်ကြီးတိုက်ခိုက်မှုတွင် သံပြာကား ထိခိုက်ပျက်စီးခဲ့ကြောင်း Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့အတွင်းရှိ တိုင်းရင်းဆေးရုံ အတွင်း တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LDF Ye.U Air Force အဖွဲ့က လက်နက်ကြီး ၂ လုံး
ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း တိုင်းရင်းဆေးရုံအတွင်းရှိ သံပြားကာ ကားပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရေဦးမြို့ ကြာဖူးအဝိုင်း မြို့အ၀င်ဂိတ်ကိုလည်း ဗိုလ်ရုပ်ကဆိုး၏ ညွှန်ကြားမှုဖြင့် လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ အရေအတွက်ကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ကမ္မမြို့ ရဲစခန်းထဲမှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကမ္မမြို့ ရဲစခန်းထဲမှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ထိခိုက်မှုကတော့ ၃ ယောက် လောက်ရှိမယ်။ ကျွန်တော်တို့ ထိတွေ့မှု ဖြစ်တဲ့အချိန် ပြည်သူတွေအနေနဲ့ ထွက်ကြည့်တာတို့ မလုပ်စေချင်ဘူး။ ပြည်သူတွေကိုဘာမှမထိခိုက်စေချင်ဘူး” ဟု RED GIANT အဖွဲ့မှ ဒေါင်းနီက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို RED GIANT၊ အလင်တန်းပျောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပျောက်ကျားတပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆာင်ခဲ့ကြောင်းသိရှိရသည်။
