26.1 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်က လေယာဉ်၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအတွင်းသို့ ၄ မိုင်နှင့် ၅ မိုင်နေရာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

“ကမ်းပါနီရွာကို ကျဲသွားတာတော့ ဖိုက်တာနဲ့ပါပဲဗျ။ ဇရပ်ကွင်းကို ပစ်တဲ့ လက်နက်ကြီးကတော့ သပိတ်ကျင်း ၄ မိုင် တို့ ၅ မိုင်တို့ ဘက်ကနေ ပစ်တယ်လို့ ယူဆရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်လျက် ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိသတိဖြင့်နေထိုင်ကြရန်နှင့် လေကြောင်း ရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကျင့်သုံးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article