24 C
Yangon

ပုလဲမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့နယ်၊ ကုက္ကိုကုန်းရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၆ လုံး၊ လက်နက်ငယ်များဖြင့် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်‌ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ”ဟု Chindwin Toe Na Yar PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် (၂၉)တပ်ရင်းမှ တပ်ခွဲ ၂ မြေပြန့်ကျား နှင့်အတူ တပ်ခွဲ ၄ မိမိတို့ ချင်းတွင်းတိုးနယား PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ အနီး သွားလာနေထိုင်နိုင်ခြင်း မပြုလုပ်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတိပေး ထုတ်ပြန်ချက်များကို လိုက်နာကြရန် မေတ္တာရပ်ခံကြောင်း Chindwin Toe Na Yar PDF က အသိးပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article