30.2 C
Yangon

ဖရူဆိုမြို့ ခမရ ၄၂၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၂ လက် ယူ ဆောင် အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အခြေစိုက် ခမရ ၄၂၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၂လက်ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း Karenni Army BA-5 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၃နာရီခန့်တွင် ဖရူဆိုမြို့ အခြေစိုက် ခမရ ၄၂၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး Karenni Army BA-5 ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက်၊ MA-3သေနတ် ၁ လက် ၊ ကျည်ဘောက် ၅ ခု ၊လက်ပစ်ဗုံး ၁ ၊ ကျည် ၂၅၀ တောင့်တို့ကို ယူဆောင်လာကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက သူ့ဘာသာသူ ထွက်လာတာပါ။ ဒီဘက်ရောက်မှ ကျွန်တော်တို့နဲ့ ဆုံတာပါ။ အလင်းဝင်ရောက် လာတဲ့သူက ဘယ်တပ်က ဆိုတော့ ခမရ ၄၂၈ ၊ အလင်းဝင်ရောက်လာတဲ့သူက စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၃နာရီချိန်ကပါ။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၃ကပါ။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း သင်တန်းကို ကျိုင်းတောင်းမှာ တက်ရောက်ခဲ့တာပါ။ သူ မကွေးတိုင်း၊စလင်းမြို့နယ်ကဖြစ်ပြီးတော့ ချောက်ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာအဆွဲခံရတယ်ပြောတယ်။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ်ကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ ရှိပါတယ်။ တချို့ကိုပေးထားပြီး၊ အထက်ကို ရောက်သွားရင် ထပ်ချီးမြှင့်ဖို့ ရှိပါတယ်။”ဟု Karenni Army BA-5 မှ တာဝန်ရှိသူက ပြောဆိုသည်။

ကရင်နီတပ်မတော် Karenni Army BA-5 အနေဖြင့် အကြမ်းဖက်စစ်တပ်ဘက်မှ အလင်းဝင် ပြည်သူ့ ရင်ခွင်ခိုလှုံလိုသော စစ်သားများများနှင့် ရဲများကို ကြိုဆိုဖိတ်ခေါ်ကြောင်း၊ လက်နက်ခဲယမ်းများ ယူဆောင်လာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါ တပ်ရင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article