30.7 C
Yangon

တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာအနီးသို့ ဗုံးကျဲရန် လာသော စစ်တပ်၏ တိုက်လေယာဉ်ကို ပစ်ခတ်တိုက်ခိုက်မှု လေယာဉ် ထိခိုက်မှုရှိပြီး မြိတ်မြို့သို့ ပြန်လှည့်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာအနီးသို့ ဗုံးကျဲရန်လာသော အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် ၁ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်မှုရှိကြောင်း KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း ပေါ်ရှိ သိန်းခွန်းကျေးရွာအနီးသို့ ဗုံးကျဲရန် လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက် တာတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိမှန်မှုရှိခဲ့ပြီး မြိတ်မြို့ဘက်သို့ ပြန်လှည့်သွားသည်ဟု KNU က ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း စစ်တပ်၏ လေယာဉ်နှင့် ရဟတ်ယာဉ် အစီး ၂၀ မှာ တော်လှန်ရေးအဖွဲ့များ၏ ပစ်ချမှုနှင့် ပျက်မှုများဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊ကာကွယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၉ ရက်နေ့ ထုတ်ပြန်သော ၄ နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35P၊ သယ်ယူပို့ဆောင်ရေး ထောက်ပို့ရဟတ်ယာဉ် Mi-17 ၊ တိုက် လေယာဉ် K-8W ၊ MIG-29 တိုက်လေယာဉ်များကို တော်လှန်ရေးတပ်များက ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့မှု ၁၁ ကြိမ်ရှိပြီး ပျက်ကျမှု ၉ ကြိမ်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article