ဒီကနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ တရားမဝင် ကုန်သွယ်မှုတွေရှိနေသရွေ့တော့ ပြည်တွင်းငြိမ်းချမ်းမှုရရှိဖို့က ခက်ခဲမှာဖြစ်တဲ့အတွက် ထိထိရောက်ရောက် အရေးယူရမယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်ပြီး ပြောပြန် ပါတယ်။
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရသူတွေထဲက နောက်ထပ် ကျောင်းသား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ရွာမှာရှိတဲ့ ပျူစောထီးဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ စစ်သားအားလုံး ထွက်ပြေးသွားပြီး ခဲယမ်း တချို့လဲ သိမ်းဆည်းရရှိခဲ့ကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
