27 C
Yangon

ထိုင်း၊ ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား လူငယ် ၇၀ ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူများမှာ ရန်ကုန်နှင့်မန္တလေးမှ လာရောက်သူများဖြစ်

Must read

ရန်ကုန်| စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားလူငယ် ၇၀ ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူများမှာ ရန်ကုန်နှင့်မန္တလေးမှ လာရောက်သူများဖြစ်ကြောင်း ထိုင်း Matichon အပါအဝင် ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့တွင် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသော မြန်မာ ၇၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်ဆးီးရရှိကြောင်း၊ အဆိုပါ မြန်မာများမှာ ကျွဲကောခြံတစ်ခုအတွင်း ဝင်ရောက် ပုန်းအောင်းနေစဉ် ထိုင်းနိုင်ငံသားတချို့က တွေ့ရှိရာမှ ထိုင်းအာဏာပိုင်များက ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အထောက်အထားမဲ့ မြန်မာအလုပ်သမား၇၀ ဦးတွင် အမျိုး သား ၄၈ ဦးနှင့် အမျိုးသမီး ၂၂ ဦး ပါဝင်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး မန္တလေး၊ ရန်ကုန်တို့မှဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ စမွတ်စခွန်နှင့် စမွတ်ပရာကန်တို့တွင် အလုပ်လုပ်ကိုင်ရန် ပွဲစားခ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ကျွဲကောခြံတစ်ခုအတွင်း ပုန်းအောင်း၍ ပွဲစားလာရောက်ခေါ်ဆောင်မှုကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ် ကြောင်း၊ ဖမ်းဆီးခံရသော သူများကို တရားဥပဒေအရ အရေးယူရန် ဆန်းခလဘူရီရဲစခန်းသို့ ပို့ဆောင် လိုက်ပြီးကန်ချနပူရီ လူဝင်မှု ကြီးကြပ်ရေးမှ နေရပ်ပြန်ပို့ခြင်း ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article