30.8 C
Yangon

မိတ္ထီလာနှင့် သရက်ချောင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦးက သေနတ် ၁ လက် ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာကြောင်း စလင်းမြို့ပြ UG ကျားပေါက် အဖွဲ့ နှင့် စလင်း ပလဖ (ယာယီ) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မိတ္ထီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက် အောက်ခံ ခမရ ၃၁၅တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် သော်ဇင်အောင် သည် စလင်းပလဖ (ယာယီ) နှင့် ချိတ်ဆက်ကာ လက်နက် ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် သော်ဇင်အောင် မှာ စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းဆင်းဖြစ်ပြီး ဟိုပုံးတွင် စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“သူကတော့ သင်တန်းဆင်းတာ မကြာသေးဘူးလို့ ပြောတယ်။ စစ်မှုထမ်း အပတ်စဉ် ၁၆ က လို့ပြောတယ်။ စစ်မှုထမ်း သင်တန်းကို ဟိုပုံးမှာ တက်ရောက် ခဲ့ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက စလင်းမြို့နယ်ကပဲ ဆန်စက်မှာ အလုပ်လုပ်ရင်း ပေါ်တာဆွဲခံရတာပါ။ လက်ရှိတော့ သူ့မိသားစုနဲ့ အတူ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပါတယ်”ဟု စလင်းမြို့ပြ UG ကျားပေါက် အဖွဲ့ နှင့် စလင်း ပလဖ (ယာယီ) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှ စစ်မှု ထမ်းတပ်သားသစ် ရန်နိုင်လင်းက သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း PDF Dawei District Battalion 2 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ သရက်ချောင်း အခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ရန်နိုင်လင်းက သေနတ် ၁ လက်ယူဆောင်လာပြီ PDF Dawei District Battalion 2 တပ်ရင်း ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

“သူက စစ်​ကြောင်း​နေရာယူတုန်းထွက်​ပြေးလာတာပါ။ ကျွန်​တော်တို့နဲ့​တွေ့ပြီး တခါတည်း အလင်းဝင်လာတယ်။ ​သေနတ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက ​ပေါ်တာဆွဲခံရတာပါ။ ဆု​ငွေချီးမြှင့်ဖို့ရှိပါတယ် သက်ဆိုင်ရာဝန်ကြီးဌာန​တွေကိုတင်ပြပြီး​ဆောင်ရွက်ရမှာပါ”ဟု PDF Dawei District Battalion 2 မှ တာဝန်ရှိသူက ပြောဆိုသည်။

စစ်အာဏာရှင် လက်အောက်ခံ တပ်သားများအ​နေဖြင့် မိမိတို့၏ ဆိုးပြစ်များကို ကိုယ်တိုင်ပြန်လည် သုံးသပ်မိစေရန်နှင့် တော်လှန်ရေးတပ်များက ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရောက်လာသူများကို အမြဲကြိုဆိုလျက်ရှိကြောင်း PDF Dawei District Battalion 2 က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article