30.8 C
Yangon

ရေဦးမြို့ပေါ်နှင့် ဒီပဲယင်းလမ်းပိုင်းရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်နှင့် ဒီပဲယင်းလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရေဦးမြို့ တောင်ဘက် ကြာဖူးအဝိုင်း၌ အင်အား ၂ဝ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့က ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ် ခန့်အချိန် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ စက်မှု လယ်ယာရုံး အနီးကို ရောက်ရှိလာသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီး ဖြင့် ဗုံးကျဲချခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး ရေဦးမြို့တွင်း သို့ ပြန်လည် ဝင်ရောက်သွားကြောင်း၊ တော်လှန် တပ်ဖွဲ့များဘက်မှလည်း Fixed Wings ဒရုန်း ၂ စီး ဆုံရှုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုအရေ အတွက်ကို အတည်ပြုနိုင်ဖို့ အတွက် ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ပါတယ် “ဟု YE-U Freedom Comrades – YFC မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့ (ရွေဘိုခရိုင်) နှင့် ၅/မဟူရာ ကျွဲရိုင်း (ရေဦး ပကဖ) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article