30.8 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီး ၁ ဦးလွတ်မြောက်လာသော်လည်း တစ်ကိုယ်လုံး နှိပ်စက်ဒဏ်ရာများ ပြည့်နှက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနားလမ်းမပေါ်ရှိ ဘူးကုန်းအထိုင်စခန်းမှ စစ်သားနှင့် ပျူစောထီးများက ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက်လာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်း အတိုင်း ရွှေဘိုဘက်မှ ကန့်ဘလူမြို့နယ်ဘက်သို့ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာသော အသက် ၄၅ နှစ် အရွယ် ဦးလေးစိုးတင့် ၊ အသက် ၂၃ နှစ်အရွယ် ကိုချစ်သဲ‌မောင်၊ အသက် ၂၃ နှစ်အရွယ် ကိုသန်း‌ဇော် ထွန်း၊ အသက် ၁၈ နှစ်အရွယ် ကိုရီ‌ဝေမိုး ၊ အသက် ၁၆ နှစ်အရွယ် မိုးသက်ခ၊ အသက် ၁၄ နှစ်အရွယ် ချမ်း ဖြိုးဝေနှင့် အသက်၁၅ နှစ်အရွယ် မောင်မောင်(အမည်လွှဲ) တို့ကို ကန့်ဘလူမြို့နယ်၊‌ ရေကြည်ဦး ရွာ နှင့် ဘူးကုန်းရွာအကြား ဘူးကုန်းလမ်းခွဲဇရပ်ရှိ စစ်သားနှင့် ပျူစောထီးများက ရိုက်နှက်ဖမ်းဆီးပြီး ဘူး ကုန်း ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ၄ ရက်ဆက်တိုက် အစာမကျွေးဘဲ ရိုက်နှက်နှိပ်စက်ကာ စက်တင် ဘာလ ၁၂ ရက်နေ့ ညနေပိုင်း လက်ပြန်ကြိုးတုတ်၍ ကားတာယာများဖြင့် အရှင်လတ်လတ် မီး ရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ သတ်ဖြတ်ခံရသူများအနက် အသက် ၁၅ နှစ်အရွယ် ကိုမောင် မောင်(အမည်လွှဲ)မှာ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ငှက်ပျောတိုင်းရွာဟောင်းသားတွေပါ၊ ငှက်ပျောတိုင်းရွာသစ်က ဗျူဟာလမ်းပေါ်မှာ စကစ ထိုင်ထား ပါတယ်။ ရွာဟောင်းကလည်း စကစ အထိုင်နဲ့နီးပါတယ်၊ ရွာသစ်ကို မပြောင်းပဲ ကျန်ခဲ့တဲ့ ပြည်သူ တွေပါ။ တစ်ယောက်ပဲ လွတ်ပြီး ကျန်တဲ့ ၆ ယောက်က မီးရှို့သတ်ခံလိုက်ရတာပါ။” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

၎င်းတို့ ၇ ဦးသည် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာဟောင်းတွင်နေထိုင်များဖြစ်ပြီး မိသားစု စား ဝတ်နေရေး အဆင်မပြေသဖြင့် စဉ့်ကူးဘက်ရှိ ရွှေမှော်တစ်ခုတွင် သွားရောက်အလုပ်လုပ်ကိုင်ကြ သူများဖြစ်ကြောင်း သိရသည်။

“လိုင်း‌ပေါ်မှာ ကားသမားတွေက ဗျူဟာလမ်းအတိုင်းအေး အေးဆေးဆေး အ စစ် ဆေးမရှိသွားလို့ရပြီ၊ ဘာမှ‌ ကြောက်စရာမရှိဘူး ဘာညာ တင်ထားတော့ ကျနော်တို့လည်း အေး‌ဆေး ပြန်ခဲ့ကြတာဗျ။‌ ရေကြည်ဦး ကျော်အထိ အေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ၊ အကုန်ဆင်းခိုင်းပြီးရိုက်နှက်တာ၊ အလုပ်လုပ်ပြန်လာတယ်‌ ပြောလည်းမရဘူး။ ပြီး‌တော့ ကျနော်တို့ကို ဘူးကုန်းဘုန်းကြီးကျောင်းထဲခေါ်သွားတာ။‌ ကျောင်းထဲရောက်တာ့ အင်္ကျီတွေ ချွတ် ခိုင်းပြီး ဝါးအစိုနဲ့ ထပ်ရိုက်တယ်။ ၄ ရက်လုံး ထမင်းမကျွေးဘဲ လက်ပြန်ကြိုးတုပ်ပြီး နှိပ် စက်နေခဲ့ တာ။ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ အချိန်တော့ အတိအကျမသိဘူး ကျနော်တို့ ၇ ယောက်လုံး ကို လက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်၊ ပြီး‌တော့ ခေါင်းတွေကို တုတ်တွေနဲ့ ရိုက်တယ် မေ့မြောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ၊ အဲ့ထဲမှာ ကျနော်ကကံကာင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ။ မိုးသက်ခနဲ့ချမ်းဖြိုး‌ဝေက ကျနော့်သူငယ်ချင်းတွေ ကျနော် နဲ့‌ အသက်မကွာဘူး တစ်နှစ်ကြီးတစ်နှစ် ငယ်တွေပဲ၊ကျနော်က ၁၅ နှစ်ပါ။ အသက်မပြည့်‌သေး‌ပေ မယ့် မိသားစုမပြေလည်တာကြောင့် အလုပ် ထွက်လုပ်ကြတာပါ၊ အခုလို အဖြစ်ဆိုးမျိုးတွေးတောင် မကြည့်ဖူးတော့ သွေးပျက်မတတ် တအား လည်း လန့်ပြီး ကြောက်တယ်” ဟု ထွက်ပြေးလွတ် မြောက်လာသူ အသက် ၁၅ နှစ် အ ရွယ် ကိုမောင်မောင် (အမည်လွှဲ) က ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့သို့ ပြောဆိုထားသည်။

ကန့်ဘလူမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လှည့်ပတ်စစ်ကြောင်းထိုး နေ သည်မှာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းပိုင်းအား ပြန်လည် စိုးမိုးမှု ရရှိရန် ကြိုးစားလျက်ရှိပြီး ယခုအခါ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့၌ ထပ်တိုးနေရာယူကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏလုပ်ဆောင်လျက်ရှိ သောကြောင့် မိဘပြည်သူများအနေဖြင့် အထူးသတိထားသွားလာကြပါရန် ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article