26.2 C
Yangon

မန္တလေး-မုံရွာလမ်းပိုင်းတွင် ဆက်ကြေး ကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

မန္တလေး-မုံရွာလမ်း ပိုင်းတွင် ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေး-မုံရွာ လမ်းပိုင်း၌ ပြည်သူများအပေါ် အနိုင်ကျင့် ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်သားမျာကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၄ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“မုံရွာ-မန္တလေး လမ်းပိုင်းကို ဒီကောင်တွေ ကိုယ်တိုင်က ဂိတ်မှာ အကုန်တားထားတာ ပိတ်ထားတဲ့ သဘောမျိုး ရောက်ပါတယ်။ ကျွန်တော် သတင်းထောက်ဖို့အတွက် အဆင်မပြေတာတွေပါတယ်။ ကျနော်တို့ ဖောက်ခွဲ တိုက်ခိုက်တဲ့ နေရာမှာက စစ်ခွေး ၆ ကောင်ရှိတာ ၂ ကောင်ပဲ ထွက်လာတော့တယ်။ ၄ ကောင်က အဲဒီနေရာမှာပဲ ပြန်မထွက်လာနိုင်ဘူး။ ၄ ကောင်ကတော့ နေရာတင် ပွဲချင်းပြီး သေတယ်။ ၁ ကောင်ကတော့ ထိခိုက် ဒဏ်ရာရတယ်။ ဒီကောင်တွေက လမ်းသွားလမ်းလာတွေကို ဒုက္ခပေးတယ် ပြည်သူတွေကို ဖမ်းဆီတာရော ငွေညှစ်တာရော ဒီကောင်တွေ နောက်ဆိုလုပ်ဖို့ တွန့်သွားတာပေါ့” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) ၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article