26.2 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရခိုင်ပြည်မှာ ရောက်ရှိနေတဲ့ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တောမြို့မှာ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံခဲ့ပြီး ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ Arankan Princess Media က သတင်းဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ထိုင်း LGBT အလှမယ်ဟာ “YOU IS U 2025 ” ပြိုင်ပွဲမှာ စတုတ္တဆု ဆွတ်ခူးသွားပါတယ်။

-အိမ်နီးချင်းနိုင်ငံတချို့က အကြမ်းဖက် စစ်တပ်က လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံမှု တချို့ ပြုလုပ်မှုဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးအား မြှောက်လုပ်နေတာသာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်ပါတယ်

စစ်ကိုင်းတိုင်းက ရေဦးမြို့ပေါ် နဲ့ ဒီပဲယင်းလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်နေရေးနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက ထိခိုက်မှုတွေ ရှိထားသလို တောင်ပြေးမြောက်ပြေးတွေပါ ဖြစ်ကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article