26.2 C
Yangon

စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းဖွဲ့ရန် အစီအစဉ်မရှိကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများတွင် စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့သော မဟာ မိတ်နိုင်ငံရေးပါတီနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင်မူ မဲဆန္ဒနယ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်သမျှ မဲဆန္ဒနယ်အားလုံးကို ရယူမည်ဖြစ်ကြောင်း၊ အစိုးရ ဖွဲ့စည်းခြင်းနှင့် လွှတ်တော်တွင် အဓိက အရေးကြီးနေရာများ ရယူခြင်းတို့တွင် မည်သည့် နိုင်ငံရေးပါတီနှင့်မှ ညွှန့်ပေါင်းပုံစံ ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။

“ပါတီရဲ့ ရွေးကောက်ပွဲ မူဝါဒက မဲဆန္ဒနယ်အားလုံး ပြိုင်မယ်၊ နိုင်သမျှ အကုန်ယူမယ်။ အစိုးရအဖွဲ့ရော လွှတ် တော်ဥက္ကဋ္ဌ လို အဓိက ရာထူး နေရာတွေမှာပါ အခြားပါတီတွေကို နေရာပေးတာမျိုး၊ ညွှန့်ပေါင်း လုပ်တာမျိုးတော့ မလုပ်ဘူးလို့ မူဝါဒချမှတ်တယ်။ အခုထက်ထိတော့ ပါတီက အပြတ်အသတ်အနိုင်ရမယ်လို့ ယုံကြည်တယ်။ အမတ်လောင်းတွေရော မဲဆွယ်စည်းရုံးရောက ပါတီအနေနဲ့ ရယ်ဒီ အဆင်သင့်ဖြစ်နေပြီလို့ ပြောရမယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ်အသုံးစရိတ်များကိုလည်း ကြိုတင် စီစဉ်ထားပြီဖြစ်ပြီး စစ်တပ်က လာမည့် စစ်ဗိုလ်ချုပ်များ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကိုလည်း သီးခြားဖယ်ထုတ်ထားကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေက လာမည့် ရွေးကောက်ပွဲတွင် တွက်ချက်မှုများအရ NLD မပါဝင်တော့၍ ကြံ့ဖွတ်ပါတီကသာ အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်ဖွဲ့စည်းပြီးပါက အင်အားကောင်းလာသော စစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကို အပြတ်အသတ် နှိမ်နင်းမည်ဖြစ်ကြောင်း၊ ယင်းသို့ နှိမ်နင်းရန်မှာ ကြံ့ဖွတ်အစိုးရသစ်က လုပ် ဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်ဖော်ပြောဆိုနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article