25 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၆ မိနစ်မှ ၂၄ မိနစ်ထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်နှင့် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် ဒီယာရွာနှင့် ဥက္ကံရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဒီယာရွာနှင့် ဥက္ကံရွာမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းမှာ ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို စစ်ခွေးတွေရဲ့ တံတားဦး လေတပ်ကနေ တက်လာတဲ့ J-Fighter ၁ စီးနဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ J-Fighter ၁ စီး တို့က လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်သွားတာ ကျနော်တို့ ကနဦးသိရတာတော့ သေဆုံးတဲ့ ပြည်သူ ၆ ဦးထိ ရှိသွားပြီ သေဆုံးတဲ့ထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ခွေးတွေက ပေါင် ၅၀၀ ဗုံးနဲ့ ပေါင် ၃၀၀ ဗုံးတွေ ကျဲချ တိုက်ခိုက်သွားတာပါ” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မတ္တရာမြို့နယ် အင်ကြင်းမြိုင်ရွာကို လည်း အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article