ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က သူတို့ စစ်တပ်ကို ထိခိုက်မှုတွေ မဖြစ်အောင်ဆိုပြီး တပ်တွင်း လူမှုကွန်ရက် အသုံးပြုမှုတွေကို စစ်ဆေးကြပ်မတ်ဖို့ အမိန့်ပေးလိုက်ပြန်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲကနေ တော်လှန် ရေး တပ်တွေ အရှင်ဖမ်းဆီးရမိထားတဲ့ ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးတွေနဲ့ စစ်သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေက ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားပါတယ်လို့ ကန့်ဘလူမြို့နယ် ပအဖ က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်က ချောင်းမကျေးရွာတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတွေကို PDF ခရိုင်ကွပ်ကဲရေးဌာနကို စစ်သုံ့ပန်းဥပဒေနဲ့အညီ လွှဲပြောင်းပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
