ဒီကနေ့ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ် စစ်ကြောင်း ကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားပြီး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် သေဆုံးသူများပြားကာ ၂ ဦး အရှင်မိပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသ တွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွား ခဲ့တာကြောင့် ပြင်ဦးလွင်၊ မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့မှာ ငလျင်ကို သိသိသာသာ ခံစားရလိုက်ရတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တို့မှာ စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
