ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့-
– မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အတွက် မြန်မာစစ်တပ်ကို ဖိအားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလို့ခေါ်တဲ့ ကင်မ်အဲရစ်က တရုတ်သမ္မတ ရှီကျင့်ပင်ဆီကို မေတ္တာရပ်ခံလိုက်တယ်လို့ South China Morning Post ကနေ သတင်းဖော်ပြလာပါတယ်။
– အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကို ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နဲ့ကားတွေ မဝင်ရ၊ မရပ်ရ ဆိုတဲ့ တားမြစ်မှုတွေ အပါအဝင် လုံခြုံရေးတွေ အထူးတင်းကျပ်ခဲ့ပြီးမှ တက်ရောက်ခဲ့တာဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့ရတဲ့ ဆရာ၊ဆရာမ အသိုင်းအဝိုင််းက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှု အတွင်းကနေ စစ်တပ်ဘက်က ပျူစောထီး ခေါင်းဆောင် ၁ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
